Wednesday, August 27, 2008

အပျိုကြီး။ ။ ငါ့ရဲ့ငယ်ဘ၀ကိုအရမ်းစိတ်နာတယ်ဟာ။
အပျိုလေး။ ။ ဘာတွေများဖြစ်ခဲ့လို့လဲမမရယ်။
အပျိုကြီး။ ။ ဘာမှမဖြစ်ခဲ့လို့ပေါ့ဟာ။

Thursday, April 24, 2008

ခက်ဆစ် အပိုင်း-၁
အမျိုးသမီးများ၏ ဆိုစကားကို အောက်ပါအတိုင်း နားလည်အပ်ရာ၏။
ဟုတ်တယ် = မဟုတ်ဘူး
မဟုတ်ဘူး = ဟုတ်တယ်
ဟုတ်မှာပါ = မဟုတ်ဘူး
ဟုတ်ချင်မှဟုတ်မှာပါ = ဟုတ်တယ်
လိုအပ်သလားလို့ = လိုချင်တယ်
ကျွန်မအရမ်းဝမ်းနည်းတယ် = ရှင် ၀မ်းနည်းရမယ်
ကျွန်မပြောစရာရှိတယ် = ရှင် ဘုရားတပေတော့
ဆက်လုပ်၊ ဆက်လုပ် = ရှင် သိပ်မဟန်သေးဘူး
ရှင် ဘာလိုချင်လဲ = ရှင် ဘာပေးနိုင်လဲ
ကျွန်မမသွားချင်ဘူး = ရှင် သွားရဲသွားကြည့်
ကျွန်မအလေးမထားဘူး = ရှင် အလေးထားရမယ်

အပိုင်း-၂ ကို မမတာရဲ့ဘလော့မှာ ဆက်လက်ဖတ်ရှုပါရှင်
ကျေးဇူးတင်ပါတယ်

Wednesday, March 26, 2008

တချို့အရာတွေက တောင်းဆိုမှရတာထက်၊ အလိုလိုရတာက ပိုတန်ဖိုးရှိပါတယ်။

*******************
ဘ၀ဆိုတာရွေးချယ်မှုပဲ ဘယ်တော့မှ နှစ်မျိုးနှစ်စားမရဘူး။ တစ်မျိုးပဲရမယ်။

*******************
ဆုံးဖြတ်ချက်ချတယ်ဆိုတာ တခါတလေမှာ ခွဲစိတ်ကုဆရာဝန်တစ်ယောက် လိုမျိုးပဲ။ နာကျင်မှန်းသိရက်သားနဲ့လှီးထုတ်ပစ်ရတာတွေရှိတယ်။

*******************
လူဆိုတာ ဖြစ်သင့်တာတွေရဲ့ကျေးကျွန်မဟုတ်ဘူး ငါတို့ဟာ ကိုယ်ဖြစ်ချင်တာတွေရဲ့သခင်ပဲ ဖြစ်ရမယ်။

Sunday, March 16, 2008

အသည်းနင့်အောင်မွှေး
အလွမ်းသင့်အောင်ဆွေးခဲ့ရတဲ့
ပန်းသဇင်ရယ်......
ပင်ယံထက်မှာ
ဝင့်ထယ်ပါစေ
တင့်တယ်ကာနေစေဖို့......
ဒီလူအသည်း
ဟက်တက်ကွဲလည်း
ရင်းရဲပါတယ်......

ဓန

Wednesday, March 5, 2008

Essential Donation သည် ဆင်းရဲချို့တဲ့ပြီး
လိုအပ်ချက်ရှိနေသူများအတွက်
ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်တို့ကို
ဖြည့်ဆီးပေးသည့်
လူငယ်များစုပေါင်းဖွဲ့စည်းထားသော
လှုဒါန်းရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
မိမိကိုယ်တိုင် ဒဏ်ရာရဖူးမှ
သူတစ်ပါး၏ အမာရွတ်ကို ထောက်ထားကြင်နာနိုင်သည်။
မိမိကိုယ်တိုင် ငိုဖူးမှ
သူတစ်ပါး၏ ရှိုက်သံကိုနားလည်နိုင်သည်။
စေတနာတရားထက်သန်သော
လှုဒါန်းသူများကိုကြိုဆိုလျက်ရှိပါသည်။
လှုဒါန်းလိုပါက essential.donation@gmail.comကိုဆက်သွယ်လှုဒါန်းနိုင်ပါသည်။

;;