Friday, May 8, 2009

မင်းရဲ့ အချစ်တွေနဲ့
ငါ့ရဲ့ဘ၀ကို ထုံမွှန်းထားခဲ့ပြီးမှ
မင်းပေးတဲ့ အမုန်းတွေကို
ငါဘယ်လိုခံယူရမှာလဲ။
မင်းရှိမှနေနိုင်တဲ့ငါ
မင်းထားသွားတော့
ဘယ်လိုနေရမှာလဲ။
မင်းပေးခဲ့တဲ့ ကတိတွေနဲ့
အတူထားခဲ့တဲ့သစ္စာတရားကို
မင်းမေ့ရက်ပြီလား။
အေးစက်နေတဲ့မင်းရဲ့စကားသံကို
မခံစားနိုင်တာငါ့ရဲ့အပြစ်လား
စူးရှမာကြောတဲ့မင်းရဲ့အကြည့်ကို
ရင်မဆိုင်ရဲတာငါ့ရဲ့အပြစ်လား
သေချာတာတစ်ခုကတော့
အခုထိမင်းကို
တမ်းတနေဆဲ
သတိရနေဆဲ
ချစ်နေဆဲပါကွာ။
ဒါတွေဟာ
မင်းကိုချစ်မိတဲ့ ငါ့ရဲ့အပြစ်တွေပါ။

ရေးသားသူ။ ။ လရိပ်ချို (မူပိုင်)

3 Comments:

  1. Unknown said...
    တခါတလေတော့လဲ ချစ်တာဟာ အပြစ်လိုလိုနဲ့...ထင်ယောင်ထင်မှားဖန်ဆင်းတက်သေးတယ်...။
    Anonymous said...
    ကောင်းပါတယ်ဗျာ...ဆက်လက်ရေးသားနိုင်ပါစေ..
    တုတ်ကြီး said...
    ကောင်းပါတယ်ဗျာ...ဆက်လက်ရေးသားနိုင်ပါစေ..

Post a Comment