Tuesday, March 10, 2009
အိမ်ခေါင်မိုးပေါ်က မိုးရေစက်သံ
ငါ့ရင်ကို တံခါးခေါက်နေသကဲ့သို့
ငါ့ရဲ့အတိတ်ကို အငြှိုးကြီးကြီးနဲ့
နှိုးဆွနေလေသလား။
ငါဟာ
မင်းကိုမေ့ချင်လို့ မေ့ထားခဲ့တာမဟုတ်ရပါဘူး
မင်းကိုငါ့ရင်ထဲက နှင်ထုတ်ချင်လို့
မင်းကို ငါ့ရဲ့အဝေးဆုံး ပို့ခဲ့တာမဟုတ်ရပါဘူး။
မင်းရဲ့ ခြေလှမ်းတိုင်းမှာ ငါဟာ ဆူးညှောင့်ခလုတ်တစ်ခု
ငါဟာမင်းဘ၀ရဲ့ အနှောင့်အယှက်တစ်ခု
ဖြစ်နေမှာဆိုးလို့
မင်းဆိုတဲ့
ငါ့နှလုံးသားမှာ မှတ်ကျောက်တင်ထားတဲ့
ငါ့ရင်ထဲမှာ
နက်နက်ရှိုင်းရှိုင်း ဆူးနစ်စိုက်ဝင်နေတဲ့
မြားတစ်စင်းကို
နာကျင်မယ်မှန်းသိရက်နဲ့
ဆွဲနှုတ်ခဲ့ရတာပါ။
ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)
Labels: ကဗျာ
1 Comment:
-
- Anonymous said...
March 29, 2009 at 3:12 AMကြိုက်ပါတယ်...ဒီကဗျာလေးကို...
Subscribe to:
Post Comments (Atom)