Wednesday, June 24, 2009

“အချစ်ဆိုတာ……. ငါ့အတွက်တော့
သူ့ကိုပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး
လက်ဝယ်ရှိနေမှ အချစ်မဟုတ်ဘူး
မြင်နေရရုံလေးလဲ အချစ်ပဲ
အဝေးကနေသူ့ကို ငေးကြည့်နေရရုံလေးလဲအချစ်ပဲ
အကုန်အကုန်ပြောမယ်ကွာ ငါ့ရှေ့ကနေသူ
ငါမဟုတ်တဲ့တခြားကောင်လေးတစ်ယောက်နဲ့တွဲသွားပါစေဦး
သူငါ့ရဲ့မျက်စိအောက်မှာရှိနေသေးတယ်ကွာ။
အဲဒါတွေကိုပဲ ငါအချစ်လို့မှတ်ပြီးတော့ တင်းတိမ်ရောင့်ရဲနိုင်တယ်။
ငါဒီစကားတွေကို သူ့ကိုလည်းပြောထားပြီးသားပါဟာ။
ငါဒီလောက်နားလည်းပေးရက်သားနဲ့ သူမို့လို့ငါ့အသည်းကို ဟက်တက်ခွဲပြီး ငါ့ကိုပစ်သွားရက်တယ်ကွာ။
သူငါ့အပေါ်ဘယ်လိုပဲဆက်ဆံဆက်ဆံ ဘယ်လောက်ပဲဆိုးနေနေ ခွင့်လွှတ်နိုင်ပါတယ်
အခုသူကငါ့ကို အဝေးကလှမ်းပြီး ငေးခွင့်လေးတောင်မပေးဘူးကွ
သူကငါ့ထက်သာတဲ့သူကို လက်ထပ်ပြီးနိုင်ငံခြားကို ထွက်သွားပြီလေ
ကဲ…. လရိပ်ရယ် နင်စဉ်းစားကြည့်စမ်း။ ငါ့ရဲ့အချစ်တွေကိုအကုန်ယူသွားပြီး အခုသူကငါမဟုတ်တဲ့တခြားတစ်ယောက်နဲ့ ငါ့မျက်စိအောက်ကပျောက်ကွယ်သွားပြီဟာ……။”

လရိပ်ရဲ့သူငယ်ချင်းလေး လတ်လတ်ဆပ်ဆပ်အသည်းကွဲပြီး လရိပ်ကိုရင်ဖွင့်သွားတဲ့စကားလေးပါ။ အမှတ်တရလေးအဖြစ်ရေးသားဖော်ပြလိုက်ပါတယ်။ ကဲ……….. လရိပ်ရဲ့ သယ်ရင်းကြီးရေ သယ်ရင်းရဲ့ အသည်းတွေနောက်ထပ်မကွဲဘဲ…. သယ်ရင်းရဲ့ အချစ်တို့ကိုလည်းနားလည်ပေးနိုင်တဲ့သယ်ရင်းရဲ့ အကောင်းဆုံးလက်တွဲဖော်လေး တစ်နေ့မှာ ပေါ်လာပါစေ…သယ်ရင်းရဲ့ တင်းတိမ်ရောင့်ရဲခြင်းအချစ်တွေကို သူနားလည်ပေးနိုင်ပြီး ပိုင်ဆိုင်မှုအချစ်သို့ပြောင်းလဲနိုင်ပါစေလို့ လရိပ်ဆုတောင်းပေးလိုက်ပါတယ်နော်……။

ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)

2 Comments:

  1. lovelessguiter said...
    ဟုတ်တယ် ၀မ်းဂိုး တူးကမ်း ပေါ့...ဟိ
    Unknown said...
    ဒီလောက်စံတင်လောက်တဲ့ အချစ်တွေနဲ့ချစ်တဲ့ ကောင်မလေးကို ကျောခိုင်းသွားတဲ့လူက ဒီအချစ်တွေနဲ့မတန်လို့ပဲဖြစ်မှာပါ... လွမ်းလောက်စရာမရှိပါဘူးလို့..ပြောပေးနော်

Post a Comment