Wednesday, January 27, 2010

ငါ့နှလုံးသားတစ်နေရာမှာ

မင်းခိုဝင်လာတဲ့နေ့လေးတစ်နေ့ပေါ..


ငါမှတ်မိနေသေးရဲ့ ချစ်သူရယ်

အဲဒီနေ့ကစလို့

မင်းရဲ့ပုံရိပ်မင်းရဲ့အသံ

မင်းရဲ့ဟန်ပန်

အရာအားလုံး

ငါ့ရင်ခွင်ထဲကို အစီအစဉ်တကျ

ခိုဝင်လာကြပေါ့…….


ချစ်သူရယ်.

ငါ့ရင်ထဲမှာ မင်းအတွက်

ပြတိုက်ငယ်လေးတစ်ခု

တည်ဆောက်မိလိုက်တယ်ဆိုတာ..

မင်းသိမယ်မထင်ဘူး။


မင်းရဲ့ပုံလွှာကိုထုဆစ်

မင်းရဲ့ဟန်ပန်ကိုရောစပ်

မင်းရဲ့အသံကိုထည့်သွင်း

နှလုံးသားရုပ်ထုတစ်ခုကို

ကိုယ့်ရင်နဲ့ရင်းပြီး ထုဆစ်ကာ

ကိုယ့်ပြတိုက်ရဲ့အရှင်သခင်မလေးအဖြစ်

တစ်ဦးတည်းမူပိုင်

မင်းခွင့်ပြုမိန့်မတောင်းပဲ

ကိုယ့်ပြတိုက်ကို ဖွင့်လှစ်မိခဲ့တယ်..။


အဲဒီပြတိုက်လေးထဲမှာ

ကိုယ့်အချစ်တွေကို

ပုံစံအမျိုးမျိုးနဲ့

ဘောင်သွင်းပြသထားတယ်…။


ချစ်သူ

မင်းသိမယ်မထင်ဘူးနော်

ဒါပေမယ့်

ကိုယ့်အချစ်တွေကို မင်းနားမလည်ခဲ့ရင်တောင်မှ

ကိုယ့်ရင်ခွင်ထဲက ပြတိုက်ငယ်လေးကို

တစ်ခါလောက် ဖြစ်ဖြစ်သတိပြုမိခဲ့ရင်

ကိုယ့်ရင်ခွင်ဟာမင်းအတွက်

တံခါးမရှိ ဓါးမရှိ

အမြဲဖွင့်လှစ်ထားတယ်ဆိုတာ

မင်းသိလာမှာပါ..ကိုယ့်ချစ်သူရာ……..။


ရင်ခွင်ထဲကပြတိုက်ငယ်ကိုပုံဖော်ပေးတဲ့ လရိပ်ရဲ့ ချစ်မမလေးကို အရမ်းကျေးဇူးတင်ပါတယ်ရှင်။

ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)

2 Comments:

  1. မိုးစက်အိမ် said...
    ကိုယ့်ပြတိုက်ရဲ့အရှင်သခင်မလေးအဖြစ်

    တစ်ဦးတည်းမူပိုင်

    မင်းခွင့်ပြုမိန့်မတောင်းပဲ

    ကိုယ့်ပြတိုက်ကို ဖွင့်လှစ်မိခဲ့တယ်…

    စကားလုံးလေးတွေ သဘောကျမိပါမယ် ... :)
    Ko Toe Gyi ( Multiply Boo Boo Gyi ) said...
    လ၇ိပ်ချိုရဲ့ နှလုံးသားတနေရာ
    ဘယ်သူခိုဝင်သွားပါလိမ့်
    စိတ်ညစ်လိုက်တာ

Post a Comment



Template by:
Free Blog Templates