Thursday, January 22, 2009






မိခင်မေတ္တာ၊ ပန်းရွှေကြာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုပန်းနွေခါ နွမ်းသောကြောင့်။

ကြာပန်းများပွင့်လန်းခြင်းမှာ အေးမြသော ရာသီဖြစ်သည့် မိုးရာသီမှာသာဖြစ်၏။ ပူပြင်းသော နွေရာသီမှာကား ထိုကြာပန်းတို့ မပွင့် လန်းနိုင်ဘဲ နွမ်းလျခဲ့ရလေသည်။ မိခင်တို့၏ မေတ္တာပန်းကား နွေ၊ မိုး၊ ဆောင်း ကာလသုံးပါလုံး ငွားငွားစွင့်စွင့် ပွင့်လန်းနေပါ၏။ မိခင်ဆိုသည်မှာ မိမိ၏ကျေးဇူးကို မသိသောသားသမီးအပေါ်မှာဖြစ်စေ၊ သိတတ်လိမ္မာသော သားသမီးများ အပေါ်မှာဖြစ်စေ၊ မိုက်မဲသောသားသမီးများ အပေါ်မှာဖြစ်စေ၊ မိခင်၏ မေတ္တာပန်းကား အမြဲတမ်း ပွင့်လန်း နေမည်ဖြစ်သောကြောင့် နွေမှာ နွမ်းသောပန်းရွှေကြာနှင့် ဘယ်လိုမှ နှိုင်းယှဉ်မရနိုင်ပေ။




မိခင်မေတ္တာ၊ လစ္ဒာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုလတိမ်ဖုံး မသာသောကြောင့်။
ကောင်းကင်တွင် လစန္ဒာသာသည် ဆိုခြင်းကား တိမ်မဖုံးမီလေးသာဖြစ်ပါ၏။ မိခင်မေတ္တာလမင်းကြီး ကား တိမ်ဖုံးသောအခါဟူ၍ (သို့) ငါ့မပေါ်မကောင်းသည့်သားသမီးပဲ မေတ္တာမထားနိုင်ပါဟူ၍ မည်သည့်အခါမျှ မရှိပေ။ ထို့ကြောင့် မိခင်မေတ္တာလမင်းကြီးကို ညအခါကောင်းကင်တွင် သာသောလစန္ဒာနှင့် တုနှိုင်းမရနိုင်ပေ။





မိခင်မေတ္တာ၊ စမ်းရေပြာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုစမ်းနွေခါ ခမ်းသောကြောင့်။
စမ်းရေပြာသည် မည်မျှပင် အေးမြသည်ဆိုသော်လည်း နွေကာလဆိုလျှင် ခမ်းရသည်သာဖြစ်ပါ၏။ မိခင် တစ်ဦး၏ မေတ္တာစမ်းရေကား အမြဲတမ်းဥတုသုံးပါးလုံး အေးမြနေသည်သာဖြစ်သည်။ ထို့ကြောင့် မိခင်မေတ္တာ စမ်းရေကို တောင်ကျစမ်းရေနှင့် နှိုင်းမရနိုင်ပေ။

ကောက်နှုတ်ချက်။ ။ မိဘမေတ္တာရသစုများ

0 Comments:

Post a Comment