Thursday, January 22, 2009

- ဇမ္မူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
- ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ၊
အကြွေးကြွယ်လှတဲ့
ဈေးသည်မအမေလည်း အမေ၊
အကြောင်းတရားအခြေမွဲ
သူတောင်းစားအမေလည်း အမေ။
- သားသမီးတွေ ကြီးထွားစေရော့လို့
စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်။
- ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မှောက်တော့အတူတူ။
- ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတစ်ပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာအမေပဲလေ…….။

(အောင်လှိုင်ထွန်း)

3 Comments:

  1. အရုပ်ကလေး said...
    အမေဆိုတဲ့ ခေါင်းစဉ်နဲ့အညီ ကဗျာရဲ့ ထိချက်တွေက လှပသေသပ်တယ် ..။
    အမေဆိုတာကို ဖေါ်ညွှန်းထားတဲ့ စကားလုံးတွေကို ကြိုက်တယ် ...။
    နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်အဖြစ် ဖတ်မှတ်သွားတယ် ..။
    Unknown said...
    ဒီ ကဗျာလေးတော်တော်ကြိုက်တယ်ဗျ....။
    ကျွန်တော့ ဒိုင်ယာရီ ထဲမှာလည်း ၁၀ တန်း ကတည်း က
    မှတ်ထားတာ ရှိတယ်....။ တော်တော်ကြာ ပါပြီ....မှတ်ထား
    တာ..စာအုပ်တောင် ဘယ်နားထားမိလည်း မသိဘူး...။
    အခုဒီကဗျာ လေး ကို ပြန်ဖတ်မိမှ သွား သတိရတယ်...။

    တော်တော်ကောင်းတယ်နော်...။ ကဗျာလေး က...။

    ကျေးဇူး သူငယ်ချင်း
    Kaung Kin Ko said...
    ကောင်းလိုက်တဲ့ကဗျာ။ အစပိုင်းအပိုဒ်တွေကို ပိုကြိုက်တယ်ဗျ။ နဘေပါလို့ 

Post a Comment